🎓FY2026 Long-term Capacity Development Program Has Officially Launched!Apply Now – Registration is required to get the application form!

🎓FY2026 Long-term Capacity Development Program Has Officially Launched!Apply Now – Registration is required to get the application form!

FY2026အတွက် Long-term Capacity Development (LCDP) Scholarship Program စတင်လိုက်ပါပြီ။
Japan နိုင်ငံရှိ တက္ကသိုလ်များတွင် FY2026အတွက် မဟာဘွဲ့ နှင့် ပါရဂူဘွဲ့ တက်ရောက်နိုင်မည့် Myanmar-Japan Center ၏ Long-term Capacity Development(LCDP)ပညာသင်ဆုကို လျှောက်ထားနိုင်မည့် Application Form ရယူရန် စာရင်းပေးသွင်းထားနိုင်ပါပြီ။ Register လုပ်ထားသူများထံသို့သာ Application form ပေးပို့ခြင်း၊ Orientation နှင့် Seminar တို့အတွက်အကြောင်းကြားခြင်းတို့ကို Email ဖြင့်ပေးပို့မည်ဖြစ်ပါသဖြင့် Register ဖြည့်သွင်းပါရန်၊ emailအမြဲစစ်ပေးပါရန်နှင့် email full boxဖြစ်မနေအောင်စစ်ဆေးထားကြရန် အထူးအကြံပြုအပ်ပါသည်။ email addressများကိုလည်း စာလုံးပေါင်း မမှား၊မလွဲချော်စေရန် သေချာစွာဂရုစိုက်၍ ဖြည့်စွက်ပေးကြစေလိုပါသည်။
Registration link- https://forms.gle/eyoVtBhRfp6L9GoC8
ပညာသင်ဆုနှင့်ပက်သက်သောအကြောင်းအရာများ စုံစမ်းမေးမြန်းခြင်းကို မှတ်တမ်းရှိစေရန်နှင့် မှားယွင်းဖြေဆိုမိခြင်းများမရှိစေရန် စုံစမ်းမေးမြန်းမှုများကို လူကိုယ်တိုင် (သို့) email (သို့) အပတ်စဉ် zoom တို့ဖြင့်သာဖြေကြားပေးမည်ဖြစ်ပြီး၊ ဖုန်းဖြင့် စုံစမ်းခြင်းများလက်မခံပါ။
မိမိ၏ မိတ်ဆွေ၊ သူငယ်ချင်းများထဲမှာ ပညာသင်ဆုစိတ်ဝင်စားသူများကို အချက်အလက်မျှဝေပေးချင်ပါက Application form ပေးလိုက်ခြင်းထက် Registration link ကိုသာမျှဝေပေးပါရန် မေတ္တာရပ်ခံပါသည်။ Application form ဖြည့်သည့်အခါ မှားယွင်းဖြည့်ခြင်းများမရှိစေရန်နှင့် ပညာသင်ဆုနှင့် ပက်သက်သောပွဲများကို တိုက်ရိုက်ဆက်သွယ် လမ်းညွှန်ပေးနိုင်ရန်ဖြစ်ပါသည်။ Register လုပ်မှသာလျှင် ဖောင် ဖြည့်သွင်းခြင်းပုံစံ နှင့် သိလိုသည်များမေးမြန်းနိုင်ရန် Zoom linkများပေးပို့ပေးနိုင်မည်ဖြစ်ပါသည်။
Contact address- Myanmar-Japan Center, 12th floor, UMFCCI Office tower, မင်းရဲကျော်စွာလမ်း (စိန်ဂျွန်း City Mallရှေ့လမ်း), ကုတင် ၅၀၀ဆေးရုံအလွန်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Email address- scholarship.mjc@gmail.com ပညာသင်ဆုနှင့်ပက်သက်၍အသေးစိတ်သိလိုပါက အောက်ပါ Website link ကိုလည်း ဝင်ရောက်လေ့လာနိုင်ပါသည်။
https://myanmarjapancenter.com/scholarship-program/
University List ကြည့်ရှုနိုင်ရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။
https://myanmarjapancenter.com/wp-content/uploads/2025/08/University-List-for-Long-Term-Capacity-Development-Scholarship-FY-2026.pdf ပညာသင်ဆုAPPLY HERE!တွင်ပါဝင်သောအချက်များ အသေးစိတ်ရေးပေးထားသော General informationကို General information bar ကို နှိပ်၍ဖတ်ပါ။
https://myanmarjapancenter.com/scholarship-program/information/