Long-term Capacity Development Scholarship Program (LCDP)

Long-term Capacity Development Scholarship Program (LCDP)

📌Long-term Capacity Development Scholarship Program (LCDP) ပညာသင်ဆုအတွက် ပထမဆုံး Orientation Session ကို မြန်မာ-ဂျပန်စင်တာ(ရန်ကုန်)မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားသူများရဲ့ လျှောက်လွှာ (Application Form) အောင်မြင်စွာ ပြင်ဆင်နိုင်ဖို့အတွက် အဓိက အကြံပြုဆွေးနွေးနိုင်မယ့် အစီအစဉ်တခု ဖြစ်ပါတယ်။ ယခင်နှစ် ပညာသင်ဆုရရှိသူအများစုဟာလည်း Orientation Session ကို တက်ရောက်ခဲ့ကြပါတယ်။

📢Orientation Session မှာ ဘာတွေပါမှာလဲ?

📌LCDP ပညာသင်ဆုအစီအစဉ် အသေးစိတ်ကို မြန်မာ-ဂျပန်စင်တာ ပညာသင်ဆုဌာနက ရှင်းလင်းတင်ပြ မှာဖြစ်ပါတယ်။ လျှောက်ထားသူတွေအနေနဲ့ ပညာသင်ဆုရည်ရွယ်ချက်တွေကို သိရှိတဲ့အတွက် လျှောက်လွှာပြင်ဆင်ရာမှာ မိုပိုထိရောက်မှုရှိပြီး Documentation Screening အဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လျှောက်ထားသူအများစု ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ထုတ်နုတ်ပြီး ကိုယ့်ရဲ့ လျှောက်လွှာမှာ ဆောင်ရန်/ရှောင်ရန်တွေကို ပြင်ဆင်နိုင်ဖို့ အကြံပြုသွားမှာ ဖြစ်ပါတယ်။ လျှောက်ထားလိုတဲ့ ဘာသာရပ်နဲ့ တက္ကသိုလ်ရွေးချယ်မှုဟာလည်း ပညာသင်ဆုရရှိဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တာမို့ ကူညီဆွေးနွေးသွားမှာဖြစ်ပါတယ်။ Orientation Session ကို တက်ရောက်လာသူတွေ သိလိုသမျှ မေးခွန်းများကိုလည်း မြန်မာ-ဂျပန်စင်တာ ပညာသင်ဆုဌာနမှ တာဝန်ရှိသူတွေက ဖြေကြားပေးသွားမှာပါ။

📢LCDP Alumni တွေရဲ့ အထူးအစီအစဉ်

📌ယခုနှစ်မှာတော့ အထူးအစီအစဉ်အနေနဲ့ LCDP ပညာသင်ဆုနဲ့ ဂျပန်နိုင်ငံတက္ကသိုလ်တွေမှာ ပညာသင်ကြားပြီး ပြန်လာခဲ့ကြတဲ့ စီနီယာတွေက သူတို့ရဲ့ လျှောက်လွှာပြင်ဆင်ခဲ့ကြပုံတွေ၊ Essay ရေးသားပုံနည်းလမ်းတွေ၊ အင်တာဗျူး အတွေ့အကြုံတွေနဲ့၊ ဂျပန်တက္ကသိုလ် ပညာသင်အတွေ့အကြုံတွေကို မျှ‌ဝေကြမှာပါ။ ဒါဟာ LCDP ပညာသင်ဆုကို လျှောက်ဖို့ ပြင်ဆင်နေသူတွေအတွက် အခွင့်အလမ်းကောင်းတခုပဲ ဖြစ်ပါတယ်။

📢ပညာသင်ဆုလျှောက်ထားဖို့ ပြင်ဆင်နေသူတွေအနေနဲ့ Orientation Session တက်ရောက်ဖို့အတွက် အောက်ပါလင့်မှာ စာရင်းပေးသွားနိုင်ပါတယ်။

စာရင်းသွင်းရန် Registration Link:

https://docs.google.com/forms/d/e/1FAIpQLSdqJkpaoSi-YbL51BJe2PCkCJ8RcCUrQvO1VegcJbcEXSWu4A/viewform?usp=dialog

🗓️Date: November 7, 2026 (Saturday)
🕒Time: 2:00pm-4:00pm
📍 Venue: Myanmar-Japan Center (Yangon Office)

#Yangon

Date –

Time –

Fee –

Language –

Venue –

Contact –

Email –

#Mandalay

Class (I)

Date –

Time –

Fee –

Language –

Venue –

Class (II)

Date –

Time –

Fee –

Language –

Venue –

Contact –

Email –