Vital Flood Risk Assessment for Development Projects in Yangon
မင်္ဂလာပါ ရှင်..
ရန်ကုန်မြို့ရဲ့ ပထဝီအနေအထားနှင့် ပြောင်းလဲလာသောရာသီဥတုကြောင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ဆောင်သူများအနေဖြင့် ရေကြီးရေလျှံမှု အန္တရာယ်ကို မဖြစ်မနေထည့်သွင်းစဥ်းစားရမယ့် အခြေအနေကို ကြုံတွေ့ နေရတာ အမှန်ပင်ဖြစ်ပါတယ်။ တည်ဆောက်ပြီးစီးခဲ့တဲ့စီမံကိန်းများမှာလည်း ရေကြီးမှုအန္တရာယ်ကို ထည့်သွင်းစဉ်းစားခြင်း နည်းပါးခဲ့ခြင်းတို့ကြောင့် ငွေကြေးအပါအဝင် ဆုံးရှုံးမှုများကို ယနေ့တိုင်ရင်ဆိုင်နေရ ပါတယ်. ထိုကဲ့သို့ ရေကြီးရေလျှံမှုနဲ့ပတ်သက်ပြီး MJC မှ “Vital Flood Risk Assessment for Development Projects in Yangon” (ရန်ကုန်မြို့၌ တည်ဆောက်မည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ရေကြီးမှုအန္တရာယ်ကို လေ့လာသုံးသပ်ခြင်း) ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့မှာ ရင်ဆိုင်ရလေ့ရှိတဲ့ ရေကြီးရေလျှံမှုပြဿနာများကို မည်သို့ကြိုတင်ဆောင်ရွက်မှုများကိုပြုလုပ်သင့်ကြောင်း ဟောပြောပွဲကို ၂၀၂၄ခုနစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့ မှာ ကျင်းပပေးသွားမှာဖြစ်လို့ စီမံကိန်းလုပ်ငန်းလုပ်ဆောင်နေသူ လုပ်ငန်းရှင်တိုင်းတက်ရောက်ဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်.
ဟောပြောမယ့် Speaker – Dr. Aung Khaing Min ကတော့ ဂျပန်နိုင်ငံ Nagoya University မှာ Master နှင့် Doctor of Engineering Courses များတက်ရောက်စဥ် Urban Flood Risk Management ဘာသာရပ်ကို အထူးပြု လေ့လာခဲ့သူဖြစ်ပြီး ယခုလက်ရှိမှာလည်း မြို့ပြရေကြီးရေလျှံမှုဘာသာရပ်ကို အတိုင်ပင်ခံအင်ဂျင်နီယာနှင့် သင်တန်းပို့ချသူအဖြစ် ဆောင်ရွက်လျှက်ရှိပါတယ်..
ဟောပြောပွဲအစီအစဉ်
Date – 10 November, 2024
Time – 14:00 ~ 16:00
Place – No. (901), Level-9, Office Tower (3), Time City.
Register Link
https://forms.gle/Tg4KYyDBektZsvLV9