Basic Strategic Management Course
မင်္ဂလာပါရှင်…
ဒစ်ဂျစ်တယ်လူမှုအဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းလာမှုနှင့်အတူ ကမ္ဘာတဝန်းပြိုင်ဆိုင်မှုများ တိုးမြင့်လာတဲ့အခါ ကုမ္ပဏီများ/လုပ်ငန်းများအနေနဲ့ ကမ္ဘာ့ကပ်ရောဂါပြီးနောက်ကာလကို ကြိုတင်မြင်တွေ့နိုင်သည့် ရှင်းလင်းတိကျသော မဟာဗျူဟာမျှော်မှန်းချက်နှင့်အညီ ဆုံးဖြတ်ချက်များကို အလျင်အမြန်ချမှတ်နိုင်ရန်နှင့် အရင်းအမြစ်များကို ထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန် လိုအပ်လာပါတယ်။ ဒီသင်တန်းဟာ သင့်တော်တဲ့မဟာဗျူဟာများရေးဆွဲခြင်းနှင့် ထိရောက်စွာစီမံခန့်ခွဲနည်းများဆိုင်ရာ သဘောတရားနှင့် လက်တွေ့ကျွမ်းကျင်မှုများကို နားလည်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးတဲ့သင်တန်းတစ်ခုဖြစ်ပါတယ်။
သင်ကြားပေးမယ့်ဆရာ Mr. Nakanishi Akifumi (Founder & CEO, AuST LLC.) ကတော့ MJC မှာ ယခင်ကတည်းကသင်ကြားပေးလာတဲ့ Expert တစ်ဦးဖြစ်ပြီး နိုင်ငံတကာအတွေ့အကြုံများစွာရှိတဲ့အပြင် လက်ရှိမှာလည်း Consultation Service နဲ့ သင်ကြားရေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေပေးတဲ့ ကုမ္ပဏီ ကိုတည်ထောင်ထားပြီး နိုင်ငံတကာမှာရှိတဲ့ လုပ်ငန်း၊ကုမ္ပဏီ၊အဖွဲ့အစည်းများကိုဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်။
![]()
သင်တန်းအတွက် Target Participants တွေကတော့
Young CEOs, Managing Directors, Board of Directors of a company
Junior officers, managers and similar ranks, directors and heads
Less experiences entrepreneurs, project managers and other relevant stakeholders
Government officials, NGO / NPO representatives, industrial associations, etc. တက်လို့ရပါတယ်ရှင်…
သင်တန်းကို အောက်ပါအစီအစဉ် အတိုင်းဖွင့်လှစ်မှာ ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားလို့ အမြန် စာရင်းပေးအပ်နှံထားမှတော့ စိတ်ချရမယ်နော်..
သင်တန်းအစီအစဉ်
နေ့ရက် – ၂၈ ရက်၊ ၂၉ ရက်၊ ၃၀ရက် ဇွန်လနှင့် ဇူလိုင် ၁ရက် ၂၀၂၅ခုနစ်။
အချိန် – နံနက် ၉နာရီမှ ညနေ ၄နာရီထိ။
နေရာ – မြန်မာ- ဂျပန်စင်တာ (ရန်ကုန်)။
သင်တန်းစာရင်းသွင်းရန်
https://forms.gle/58Sjtb43GkVZ6vkx7
