“Business Analytics for Decision Makers”
မင်္ဂလာပါ ရှင်..
Decision Makers တိုင်းအတွက် အထောက်အကူဖြစ်စေမယ့် “Business Analytics for Decision Makers” ဆိုတဲ့ သင်တန်းကို MJC မှာ ဒီဇင်ဘာလမှာ စတင်မိတ်ဆက် ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်ရှင်..
Business Analytics ဆိုတဲ့ စီးပွားရေးခွဲခြမ်းစိတ်ဖြာခြင်း ဟာ လုပ်ငန်းတိုင်း၊ လုပ်ငန်းကိုဦးဆောင်နေသူတိုင်း အတွက် မသိမဖြစ် သိရှိနားလည်ထားသင့်ပါတယ်.. ဒါကြောင့် ဒီသင်တန်းမှာ Business Analytics အပိုင်း နဲ့ ပတ်သက်ပြီးဘာတွေသိရှိရမလဲဆိုတော့…
• အဓိကကျတဲ့ ဆုံးဖြတ်ချက်ချရာတွေမှာ Business Analytics ရဲ့ အခန်းကဏ္ဍနဲ့ တန်ဖိုးကို သိရှိနားလည်စေဖို့.
• လုပ်ငန်းစွမ်းဆောင်ရည်နှင့်သက်ဆိုင်တဲ့ key data metrics တွေကိုပိုမိုသိရှိစေဖို့
• အခြေခံကျတဲ့ analytical tools တွေကိုအသုံးချပြီး အချက်အလက်စုဆောင်းရန်၊ လုပ်ဆောင်ရန်နှင့် မြင်သာစေဖို့
• Business Analytics မှ ထိုးထွင်းသိမြင်မှုများအပေါ် အခြေခံပြီး data-driven strategies တွေရေးဆွဲနိုင်ဖို့
• Basic statistical techniques တွေကိုအသုံးချပြီး လုပ်ငန်းပြဿနာများကို ခွဲခြမ်းစိတ်ဖြာပြီး ဖြေရှင်းနိုင်ဖို့ သင်ပြပေးသွားမှာဖြစ်ပါတယ်…
သင်ကြားပေးမဲ့ ဆရာကတော့ – ဆရာကောင်းဝေဖြိုး (PMP (Project Management Institute) • MBA (International University of Japan) • B.C.Sc. (Hons.) (University of Computer Studies, Yangon)) ဖြစ်ပြီး Business Analytics နဲ့ ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံတွေကိုအခြေခံပြီး စာတွေ့လက်တွေ့ သင်ကြားပေး သွားမှာ ဖြစ်ပါတယ်.
Target participant ကတော့ Decision Making Level ရှိသူတိုင်း တက်ရောက်နိုင်ပါတယ်ရှင်..
*Practice sessions တွေပါတဲ့အတွက် တက်ရောက်မယ့်သူတိုင်း Laptop (၁) လုံးယူလာပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်နော်…
သင်တန်းကို အောက်ပါအစီအစဉ် အတိုင်းဖွင့်လှစ်မှာ ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားလို့ အမြန် စာရင်းပေးအပ်နှံထားမှတော့ စိတ်ချရမယ်နော်..
သင်တန်းအစီအစဉ်
သင်တန်းဖွင့်လှစ်မည့် ရက် – ၁၄ ရက်၊ ၁၅ ရက်၊ ဒီဇင်ဘာလ ၂၀၂၄ခုနစ်။ (စနေ၊ တနင်္ဂနွေ)
သင်တန်းဖွင့်လှစ်မည့် အချိန် – နံနက် ၉နာရီမှ ညနေ ၄နာရီထိ။
သင်တန်းဖွင့်လှစ်မည့် နေရာ – မြန်မာ- ဂျပန်စင်တာ (ရန်ကုန်)။
သင်တန်းစာရင်းသွင်းရန်
https://forms.gle/enQwWSGi1tL8Eedr8
Recent Posts
- “Mastering Your Scholarship Interview: Key steps to Stand out and Succeed” – “ပညာသင်ဆုရရှိရန်အတွက် လူတွေ့ မေးမြန်းမှုအားအောင်မြင်စွာ ဖြေဆိုနိုင်ရန်အဓိကကျသော ပြင်ဆင်မှုများ”
- “Business Analytics for Decision Makers”
- Timeline of LCDP Scholarship
- “အလုပ်ရဖို့ Code ကြစို့“
- How to use NLP in the daily Life?