Organizational Management

Organizational Management

မင်္ဂလာပါရှင် …
MJC မှ သင်တန်းတွေကိုစိတ်ဝင်စားပြီးတက်ရောက်လိုသူများအတွက်.. အဖွဲ့အစည်းတိုင်း ကုမ္ပဏီ လုပ်ငန်းတိုင်းအတွက်လိုအပ်တဲ့ Organizational Management သင်တန်းကို စက်တင်ဘာလအတွင်း ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်နော်.. Organizational Management ဆိုတာ လုပ်ငန်းတစ်ခုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ဖို့လိုအပ်တဲ့ အခြေခံနည်းလမ်းတွေ၊ သဘောတရားတွေနဲ့ လက်တွေ့ကျွမ်းကျင်စေရန်အတွက် လုပ်ငန်းအဖွဲ့အစည်း စီမံခန့်ခွဲမှုတစ်ရပ်ဖြစ်ပါတယ်..
Organizational Management အတန်းကို HR နယ်ပယ်မှာ အတွေ့အကြုံများစွာရှိတဲ့ ဂျပန်ဆရာကြီး Mr. Akira Doi (HRD Consultant / COO, Knowledge Hub LLC) မှ ဂျပန်၊ အမေရိကန်နှင့် ASEAN ရှိ ကုမ္ပဏီတွေရဲ့ လူတစ်ဦးချင်းစီ၏ စွမ်းရည်ကို အမြင့်ဆုံးအသုံးချနိုင်တဲ့ စီမံခန့်ခွဲမှုနည်းလမ်းများကို မိတ်ဆက်သင်ကြားပေး သွားမည်ဖြစ်ပါတယ်။
တက်ရောက်သူများအနေနဲ့ လက်တွေ့လေ့ကျင့်ခန်းများမှတစ်ဆင့် ကိုယ်ပိုင်လုပ်ငန်း၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှာ အသုံးချနိုင်မယ့် အသုံးဝင်တဲ့ အယူအဆနည်းလမ်းကောင်းများကို ရရှိစေမှာဖြစ်ပါတယ်။
ဒီသင်တန်းကိုတက်ရောက်နိုင်မယ့် Target Participants တွေကတော့ Corporate Managers, HR Managers and staff, Entrepreneurs နဲ့ အဖွဲ့အစည်းစီမံခန့်ခွဲမှုမှာပါဝင်တဲ့ မန်နေဂျာတွေ, executives တွေအားလုံး တက်‌ရောက်နိုင်မှာဖြစ်ပါတယ်.

သင်တန်းကို အောက်ပါအစီအစဉ် အတိုင်းဖွင့်လှစ်မှာဖြစ်ပြီး First Come, First Serve!!! စနစ်နဲ့လူဦးရေ ကန့်သတ်ထားလို့ အမြန် စာရင်းပေးအပ်နှံထားဖို့တော့ လိုပါတယ်ရှင်.
 သင်တန်း အစီအစဉ်
နေ့ရက် -စက်တင်ဘာလ ၁၃၊ ၁၄၊ ၁၅၊ ၁၆ ရက်၊ ၂၀၂၅ခုနစ်။ (စနေ၊ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ)
အချိန် – နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ။
 သင်တန်းကြေး – ၁၂၀,၀၀၀ ကျပ်။ (တသိန်းနှစ်သောင်းကျပ်)
သင်တန်းစာရင်းသွင်းရန်
https://forms.gle/MWfZKVt3PR1sHZe76