LCDP Scholarship Orientation Session for Mandalay
ဂျပန်နိုင်ငံမှာ ပညာသင်ဖို့ အိပ်မက်ရှိတဲ့ မန္တလေးတိုင်းက လူငယ်တွေအတွက် မြန်မာ-ဂျပန်စင်တာ(MJC)ရဲ့ Long-term Capacity Development Program (LCDP) ပညာသင်ဆု အစီအစဉ်ကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီပညာသင်ဆုဟာ ဂျပန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေမှာ မဟာတန်း(Master) နဲ့ ပါရဂူတန်း(Doctor) ကို ပညာသင်ဆုအပြည့်နဲ့ တက်ရောက်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိခေါ်ယူနေပြီဖြစ်တဲ့ LCDP ပညာသင်ဆုအကြောင်း အသေးစိတ် ရှင်းပြမယ့် “LCDP Scholarship Orientation Seminar” ကို မန္တလေးမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ အဓိကဆွေးနွေးမယ့်အကြောင်းအရာတွေကတော့
ပညာသင်ဆုရဲ့ ရည်ရွယ်ချက် –
ပညာသင်ဆုအတွက်လိုအပ်တဲ့စာရွက်စာတမ်း ပြင်ဆင်ပုံ
ပညာသင်ဆုလျှောက်ထားမှုအတွက် လိုအပ်တဲ့ အရည်အချင်း
ပညာသင်ဆုလျှောက်လွှာ ပြင်ဆင်ပုံအဆင့်ဆင့်
အထွေထွေအမေး/အဖြေ အစီအစဉ် စတာတွေ ဖြစ်ပါတယ်။
ဒါ့ကြောင့် မန္တလေးမြို့ Myanmar-Japan Center Office မှာကျင်းပမယ့် မြန်မာ-ဂျပန်စင်တာရဲ့ “LCDP Scholarship Orientation Seminar” ကို တက်ရောက်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။ မန္တလေးတိုင်းက လူငယ်များ ယခုနှစ် ဖွင့်လှစ်တဲ့ LCDP ပညာသင်ဆုကို ဆွတ်ခူးနိုင်ပါစေကြောင်းလည်း ဆုမွန်ပြုအပ်ပါတယ်။
တက်ရောက်ရန် စိတ်ဝင်စားသူများ အောက်ပါလင့်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါတယ်။
Registration Link:
https://docs.google.com/forms/d/e/1FAIpQLSdJNBH62oK_V3_SeZMoAMpGjB74HafB_5h8U98e20waXacGNA/viewform?usp=dialog
နေ့စွဲ – စနေနေ့၊ နိုဝင်ဘာလ (၂၈)ရက်၊ ၂၀၂၆ခုနှစ်
အချိန် – နေ့လည် (၁)နာရီ မှ (၃)နာရီထိ
နေရာ – 3rd Floor, Myanmar-Japan Center (မန္တလေးရုံး)၊ Block 1, Unit 6, မင်္ဂလာမန္တလေး။
ဖုန်း – ၀၉ ၈၉၈ ၇၀၅ ၁၂၄ , ၀၉ ၂၅၀ ၁၈၅ ၄၅၅
#Mandalay
Class (I)
Date –
Time –
Fee –
Language –
Venue –
Class (II)
Date –
Time –
Fee –
Language –
Venue –
Contact –
Email –
