LCDP Scholarship Orientation Session For Taunggyi
🎌 ဂျပန်နိုင်ငံမှာ ပညာသင်ဖို့ အိပ်မက်ရှိတဲ့ ရှမ်းပြည်နယ်က လူငယ်တွေအတွက် မြန်မာ-ဂျပန်စင်တာ (MJC)ရဲ့ Long-term Capacity Development Program (LCDP) ပညာသင်ဆု အစီအစဉ်ကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
📌ဒီပညာသင်ဆုဟာ ဂျပန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေမှာ မဟာတန်း(Master) နဲ့ ပါရဂူတန်း(Doctor) ကို ပညာသင်ဆုအပြည့်နဲ့ တက်ရောက်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။
📌ဒါ့ကြောင့် လက်ရှိခေါ်ယူနေပြီဖြစ်တဲ့ LCDP ပညာသင်ဆုအကြောင်း အသေးစိတ် ရှင်းပြမယ့် “LCDP Scholarship Orientation Session” ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်ပသွားမှာ ဖြစ်ပါတယ်။
📢ဒီအစီအစဉ်မှာ အဓိကဆွေးနွေးမယ့်အကြောင်းအရာတွေကတော့…
🔹ပညာသင်ဆုရဲ့ ရည်ရွယ်ချက်
🔹ပညာသင်ဆုအတွက် လိုအပ်တဲ့စာရွက်စာတမ်း ပြင်ဆင်ပုံ
🔹ပညာသင်ဆုလျှောက်ထားမှုအတွက် လိုအပ်တဲ့ အရည်အချင်း
🔹ပညာသင်ဆုလျှောက်လွှာ ပြင်ဆင်ပုံအဆင့်ဆင့်
🔹အထွေထွေအမေး/အဖြေ အစီအစဉ် စတာတွေ ဖြစ်ပါတယ်။
📌ရှမ်းပြည်နယ်ဇာတိဖြစ်တဲ့ Sai Mawn Hsaeng နဲ့ Nang Ni Ni Oak တို့ နှစ်ဦးဟာ ယခင်နှစ် ပညာသင် ဆုကို ဆွတ်ခူးရရှိခဲ့ကြပြီး လက်ရှိမှာ ဂျပန်နိုင်ငံ Okayama University နဲ့ Toyo University မှာ မဟာတန်းကို တက်ရောက်နေကြပါတယ်။
📌ဒီနှစ်မှာလည်း သူတို့လို ဂျပန်နိုင်ငံမှာ ပညာသင်ဖို့ စိတ်ဝင်စားတဲ့ ရှမ်းပြည်နယ်က လူငယ်တွေ အတွက် ဒီအစီအစဉ်ကို ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။
ဒါ့ကြောင့် တောင်ကြီးမြို့ Community Center မှာကျင်းပမယ့် မြန်မာ-ဂျပန်စင်တာရဲ့ “LCDP Scholarship Orientation Session” ကို တက်ရောက်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။ ပညာသင်ဆု ဆွတ်ခူးနိုင်ပါ စေကြောင်းလည်း ဆုမွန်ပြုအပ်ပါတယ်။
📢တက်ရောက်ရန် စိတ်ဝင်စားသူများ အောက်ပါလင့်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါတယ်။
Registration Link:
🗓️နေ့စွဲ – ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ (၁၁)ရက်၊ ၂၀၂၆ခုနှစ်
⏰အချိန် – နေ့လည် (၁)နာရီ မှ (၃)နာရီထိ
🏢နေရာ – (၄)လွှာ၊ Community Center
(မြတ်သုခ ရုပ်ရှင်ရုံဘေး၊ မိန်းလမ်း၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်)
#Mandalay
Class (I)
Date –
Time –
Fee –
Language –
Venue –
Class (II)
Date –
Time –
Fee –
Language –
Venue –
Contact –
Email –
