LCDP Scholarship Orientation Session For Pathein
ဧရာဝတီတိုင်းရှိ လူငယ်များအတွက် ဂျပန်နိုင်ငံတွင် ပညာသင်ယူနိုင်မယ့် အခွင့်အရေး 📢📢📢
📌သင်ဟာ ဧရာဝတီတိုင်းက လူငယ်တယောက်ဖြစ်ပြီး ဂျပန်နိုင်ငံမှာ ပညာသင်ယူဖို့ အိပ်မက်ရှိသူတ ဦးလား။ ဒါဆိုရင် သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မြန်မာ-ဂျပန်စင်တာ (MJC) က ပေးအပ်တဲ့ Long-term Capacity Development Scholarship Program (LCDP) ပညာသင်ဆုကို လျှောက်ထားလိုက်ပါ။
📌LCDP ပညာသင်ဆုဟာ မြန်မာနိုင်ငံသားတွေအတွက် သီးသန့်ပေးအပ်တာဖြစ်ပြီး၊ ဂျပန်နိုင်ငံက တက္ကသိုလ်တွေမှာ မဟာတန်းနဲ့ ပါရဂူတန်းတွေကို ပညာသင်ဆု အပြည့်နဲ့ တက်ရောက်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။
📌သင့်အနေနဲ့ ဒီအခွင့်အရေးကို အရယူနိုင်ဖို့အတွက် မြန်မာ-ဂျပန်စင်တာက ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့မှာ “LCDP Scholarship Orientation Session” ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
📢ဒီအစီအစဉ်မှာ အဓိကဆွေးနွေးမယ့်အကြောင်းအရာတွေကတော့…
🔸ပညာသင်ဆုရဲ့ ရည်ရွယ်ချက်
🔸ပညာသင်ဆုအတွက် လိုအပ်တဲ့စာရွက်စာတမ်း ပြင်ဆင်ပုံ
🔸ပညာသင်ဆုလျှောက်ထားမှုအတွက် လိုအပ်တဲ့ အရည်အချင်း
🔸ပညာသင်ဆုက ပေးအပ်တဲ့ ဘာသာရပ်များ
🔸ပညာသင်ဆုလျှောက်လွှာ ပြင်ဆင်ပုံအဆင့်ဆင့်
🔸အထွေထွေအမေး/အဖြေ အစီအစဉ် စတာတွေ ဖြစ်ပါတယ်။
📌ဧရာတီတိုင်းသား/သူတွေဖြစ်ကြတဲ့ မစင်သီယာ နဲ့ ကိုကျော်အောင်ဇင်လတ်တို့ဟာ ၂၀၂၃ခုနှစ် နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ဒီပညာသင်ဆုကို ဆွတ်ခူးခဲ့ကြပြီး၊ ဂျပန်နိုင်ငံ International University of Japan (IUJ)မှာ မဟာတန်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါတယ်။ ယခုအခါ မြန်မာပြည်ရဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်တွေမှာ လူ့စွမ်းအားအရင်းအမြစ် တွေဖြစ်လာနေကြပါတယ်။
📌သင်ဟာလည်း ဧရာဝတီသား လူငယ်တယောက်အနေနဲ့ ဒီပညာသင်ဆုကို ရယူနိုင်ဖို့အတွက် မြန်မာ-ဂျပန်စင်တာက ကျင်းပမယ့် “LCDP Scholarship Orientation Session” ကို တက်ရောက်လိုက်ပါ။
📢တက်ရောက်ရန်အတွက် အောက်ပါလင့်မှာ စာရင်းပေးသွင်းနိုင်ပါတယ်။
Registration Link:
ကျင်းပမည့်ပုံစံ –
🗓️နေ့စွဲ – တနင်္ဂနွေနေ့၊ နိုဝင်ဘာလ (၁၅)ရက်၊ ၂၀၂၆ခုနှစ်
⏰အချိန် – နံနက် (၉)နာရီ မှ (၁၂)နာရီထိ
🏢နေရာ – Meeting Hall, Shekinah Hotel, Pathein, Ayeyarwaddy Region.
#Mandalay
Class (I)
Date –
Time –
Fee –
Language –
Venue –
Class (II)
Date –
Time –
Fee –
Language –
Venue –
Contact –
Email –
