Digital Marketing Course
မင်္ဂလာပါရှင် …
မြန်မာ-ဂျပန်စင်တာ (MJC) တွင် စက်တင်ဘာလ အတွင်း ဖွင့်လှစ်မည့်သင်တန်းနှင့် မိတ်ဆက်ပေးပါရစေရှင်။
📌 နှစ်စဥ်ဖွင့်လှစ်မြဲဖြစ်တဲ့ MJC ရဲ့ လူကြိုက်များလှတဲ့ သင်တန်းတွေအထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Digital Marketing သင်တန်းကို စက်တင်ဘာလအတွင်းဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။
ယနေ့ Digital ခေတ်ရဲ့ပြောင်းလဲတိုးတက်မှုတွေအရ စျေးကွက်စီးပွားရေးမှာလည်း Digital Marketing ဖက်သို့ ဦးတည်ပြောင်းလဲနေပြီဖြစ်ပါတယ်.. ဒါကြောင့် လုပ်ငန်း၊ အဖွဲ့အစည်းတိုင်းမှာ Digital Marketing ဟာ စျေးကွက်ရှာဖွေရေးအတွက်အရေးအပါဆုံးသော ချဉ်းကပ်နည်းတစ်ခုဖြစ်လာနေပါပြီ…။
📌 ဒီသင်တန်းကို ပါဝင်တက်ရောက်သူတွေဟာ Digital Marketing ရဲ့ အခြေခံအယူအဆတွေ၊ လုပ်ငန်းစဉ် တွေနဲ့ tools တွေကို လက်တွေ့လုပ်ဆောင်နိုင်မယ့် အတွေ့အကြုံတွေကတဆင့် Digital Marketing ဆိုင်ရာ ခိုင်မာတဲ့အသိပညာ၊ နားလည်မှုတွေကိုရရှိပြီး အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
📌 သင်ကြားပေးမယ့်ဂျပန်လူမျိုး ဆရာ Mr. Hisashi Ogiso (Strategy & Design Labo Inc. / CEO) ကလည်း Marketing & sale အပိုင်းမှာအတွေ့အကြုံများစွာရှိပြီး လက်ရှိမှာလည်း Digital Marketing နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာသာမက နိုင်ငံတကာမှာ သင်ကြားပို့ချခြင်း၊ အကြံပေးခြင်း လုပ်ငန်းများကိုလုပ်ကိုင်ပေးလျှက်ရှိပါတယ်.
📌 သင်တန်းကို တက်ရောက်နိုင်မယ့်သူတွေကတော့ Top management, middle management, and staff in marketing and sales functions ကသူတွေတက်ရောက်နိုင်ပါတယ်ရှင်..
သင်တန်းကို အောက်ပါအစီအစဉ် အတိုင်းဖွင့်လှစ်မှာဖြစ်ပြီး First Come, First Served!!! စနစ်နဲ့လူဦးရေ ကန့်သတ်ထားလို့ အမြန် စာရင်းပေးအပ်နှံထားဖို့တော့ လိုပါတယ်ရှင်။
📅 သင်တန်းဖွင့်လှစ်မည့် ရက်
စက်တင်ဘာလ ၂၄၊ ၂၅၊ ၂၆၊ ၂၇ ရက်၊ ၂၀၂၆ခုနှစ်။ (ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ)
⏱️အချိန် – နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ။
📍 သင်တန်းဖွင့်လှစ်မည့် နေရာ – မြန်မာ – ဂျပန်စင်တာ(ရန်ကုန်)။
🔗 သင်တန်းစာရင်းသွင်းရန်
https://forms.gle/bmuUDotZNpRYg9aR6
